ပါရမီမြောက်တဲ့
      အမြတ်စားကုသိုလ်ဖြစ်အောင် -
      ပစ္စုပ္ပန်မှာ ‘အများအကျိုး’ ကို ဦးတည်ရမယ်။
      သံသရာမှာ ‘ဗောဓိဉာဏ်’ အတွက်ဖြစ်ရမယ်။
      ‘ကရုဏာ’ ရော၊ ‘ပညာ’ ရော ပါရမယ်။

      ‘ငါ’ ကောင်းစားရေးအတွက်
      ဦးတည်တာမျိုး မဖြစ်စေရဘူး။
      ‘ဒိဋ္ဌိ၊ တဏှာ’ ကိုပယ်ပြီးတော့
      ‘သတိ၊ ပညာ’ ဦးစီးတဲ့
      ‘သဒ္ဓါ၊ ပညာ’ ဦးစီးတဲ့
      ဒါန၊ သီလ၊ ဘာဝနာ မျိုးဖြစ်ရမယ်။
 
                    

မြစိမ်းတောင်ဆရာတော် အရှင်ဇာနေယျ

 

 

                            "အထူးကျေးဇူးတင်လွှာ"

၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၁ရက်မှ ၂၉ နေ့အထိ စင်္ကာပူနိုင်ငံ St. John's Island တွင် ကျင်းပခဲ့သော မြစိမ်း တောင်ဆရာတော် (၉)ရက် တရားစခန်းကို ဒုလ္လဘရဟန်းယောဂီပေါင်း ၁၉ပါး၊ သီလရှင်ယောဂီ ပေါင်း ၁၃ပါး၊ အမျိုးသားယောဂီပေါင်း ၄၀ နှင့် အမျိုးသမီး ယောဂီပေါင်း ၁၅၂ ယောက် စုစုပေါင်း အချိန် ပြည့်ယောဂီ ၂၂၄ ယောက်၊ အချိန်ပိုင်း လာရောက် အားထုတ်သူ ယောဂီ၃၀ ခန့်ဖြင့် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ပါသည်။

ထိုတရားစခန်းဖြစ်မြောက်ရေးအတွက်

(၁) မေတ္တာ၊ ဂရုဏာကြီးစွာဖြင့် မအားမလပ်သည့်ကြားမှ အချိန်ပေးကာ တရားပြပေးသော မြစိမ်း တောင် ဆရာတော်ဘုရားကြီးနှင့် လက်ထောက်ဆရာတော်များဖြစ်ကြသော ဦးနိက္ခမ၊ ဦးဥက္ကဌ နှင့် ဦးသုန္ဒရ တို့အား၎င်း

(၂) အစမှ အဆုံး ကြိုးစားအားထုတ်ခဲ့ကြသော ယောဂီသူတော်ကောင်းအပေါင်း နှင့် အားလပ်ရက်များ အတွင်း လာရောက်အားထုတ်ကြသော ယောဂီများအား၎င်း

(၃) တရားစခန်းအတွက် လိုအပ်သော ပစ္စည်းများကို ငှားရမ်းသုံးစွဲခွင့်ပေးသော ဗုဒ္ဓဂယာ သုခါရာမ ကျောင်းမှ ဆရာတော်ဒေါက်တာဦးသုပိယနှင့် အမှုဆောင်ကော်မတီဝင်များအား၎င်း

(၄) ဒုလ္လဘရဟန်းခံပွဲနှင့် သီလရှင်ဝတ်ပွဲတို့အတွက် ကူညီဆောင်ရွက်ပေးကြသော မြန်မာ ဘုန်းတော် ကြီးကျောင်း (တိုပါးရိုး) မှ ဆရာတော်ဦးတိလောကသီရိနှင့် ဆရာတော်သံဃာတော်များ၊ Clementi ကျောင်းမှဆရာတော် ဒေါက်တာဦးဝိစိတ္တ္ကနှင့် ဆရာတော်သံဃာတော်များ၊ သစ္စာပါရမီကျောင်းမှ ဆရာတော် ဒေါက်တာအရှင်ဇယတိဿနှင့် ဦးမြတ်လင်း၊ သီရိမင်္ဂလာ မြန်မာသီလရှင်ကျောင်းမှ ဒေါ်ကေတုမာလာအား၎င်း

(၅) မြစိမ်းတောင်ဆရာတော်ဘုရားကြီးနှင့် ဆရာတော်များအား သီတင်းသုံးနေထိုင်ခွင့်ပေးသော ချမ်းမြေ့ရိပ်သာ (စင်္ကာပူ)မှ ဆရာတော် ဦးပညာသာရ၊ ဦးဇော်ထွန်း နှင့် ကော်မတီဝင်များအား၎င်း

(၆) ဟင်းချက်ပစ္စည်းများနှင့် တရားစခန်းအတွက် အခြားလိုအပ်သော ပစ္စည်းများအတွက် စာရင်းပြုစု၊ မှာယူပေးပြီး၊ တရားစခန်းတလျှောက်လုံးလည်း အချိန်ပြည့်ဝေယျာဝစ္စ ဆောက်ရွက်ပေးကြသော မမြင့်မြင့်သန်း၊ မနှင်းနှင်းအေး နှင့် ကိုသက်နိုင်ကျော်တို့အား ၎င်း

(၇) တရားစခန်းအစ အဆုံး ဆွမ်းဟင်းများ အချိုပွဲများကို တာဝန်ယူ စီမံချက်ပြုတ်ပေးသော ကိုမင်း ဇင်ဦး၊ ဒေါ်သီင်္ဂ ီ၊ မသီသီ၊ မမေမီနှင့် အဖွဲ့အား၎င်း

(၈) ဒုလ္လဘပွဲ၊ တရားပွဲနှင့် တခြားလိုအပ်သည်များကို ကူညီပံံ့ပိုးပေးသော ဦးကျော်လွင်၊ (Dhamma download မိသားစု) အား၎င်း

(၉) ကိုထင်ကျော်၊ ကိုချမ်းမင်း၊ ကိုမျိုးဝင်းရီ၊ ကိုဝင်းထွန်းဆင့်၊ ကိုဇော်ဇော်ထွဋ် နှင့် စေတနာထက်သန် စွာ လုပ်အားပေးခဲ့ကြသော Lotus foundation အဖွဲ့သူ၊ အဖွဲ့သား အားလုံး အား၎င်း

(၁၀) Camp Management နှင့် တရားစခန်းအတွက် လိုအပ်သည်များကို ဆက်သွယ် ဆောင်ရွက် ပေးပြီး တရားစခန်းကာလအတွင်းတွင်လည်း အခြားအရေးပါသော ဝေယျာဝစ္စ များကိုလည်း ကူညီ ဆောင်ရွက် ပေးသော ကိုတင်ထွန်းဆိုင်အား၎င်း

(၁၁) Live broadcasting၊ Audio recording၊ Video recording၊ Graphic Design နှင့် တရားစခန်း မတိုင်မီကတည်းက တခြားဝေယျာဝစ္စများကို ဆောင်ရွက်ပေးသော ကိုအောင်ကိုမြင့် အား၎င်း

(၁၂) Live broadcasting၊ Video recording၊ နှင့် အခြားလိုအပ်သော အကူအညီများပေးသော ဦးအောင်နိုင် (Dhammadownload) အား ၎င်း

(၁၃) ရန်ကုန်မှ တကူးတကကိုယ်စရိတ်ဖြင့် ကိုယ်လာကာ ဝေယျာဝစ္စဆောင်ရွက်ပေးကြသော မမိုးမိုး နှင့် မဘေးဘေး (မချိုချိုဌေး) အား၎င်း

(၁၄) တရားစခန်း အစမှ အဆုံး တတ်ကြွစွာ လုပ်အားပေးခဲ့ကြသော ဦးစိုးသိန်း၊ ကိုမင်းခင်မောင်၊ မောင် မျိုး(ဗလကြီး) ၊ ကိုလှမျိုး၊ မစိုးစိုးအေး၊ မခင်ခင်ဝင်း၊ ခွန်းခွန်း၊ မနှင်းနှင်းယု၊ မခိုင်စုလွင်၊ မအေးသက်သက်စိုး တို့အား၎င်း

(၁၅) ကားနှင့် တခြားဝေယျာဝစ္စများဖြင့် အကူအညီပေးသော ကိုမြတ်စိုး၊ ကိုတင်ထွန်းဆိုင်၊ ဦးဇော်ထွန်း (ချမ်းမြေ့ရိပ်သာ)၊ ကိုဟိန်းလတ်၊ ကိုရဲထွဋ်၊ ကိုတင့်လွင်၊ ကိုကျော်ဇေယျ၊ ကိုကျော်ကျော်ဘိုနှင့် တခြားမေတ္တာ ဖြင့်ကူညီကြသူ စေတနာရှင်များအား၎င်း၊

(၁၆) ဆရာတော်များ၏ သံဃာ့ဝေယျာဝစ္စများကို ဆောင်ရွက်ပေးကြသော ဦးဝင်း၊ ကိုအောင်ဝင်း နှင့် ကိုထွန်း အောင် တို့အား၎င်း

(၁၇) တရားစခန်းဖြစ်မြောက်ရေးအတွက် သဒ္ဓါတရားထက်သန်စွာ ဝိုင်းဝန်းကူညီလှူဒါန်း ကြသူ အလှူ ရှင်များ၊ အားလပ်ရက်များအတွင်း လာရောက် ဝေယျာဝစ္စဆောင်ရွက်ပေးကြသူ လုပ်အား ကုသိုလ်ရှင်အားလုံး အား၎င်း

အထူးကျေးဇူးဥပကာရ တင်ရှိကြောင်း ပြောကြားလိုပါသည်။

ဤကဲ့သို့ တဦးချင်း တယောက်ချင်းစီမှ အဓိကအရေးပါသော အခန်းကဏ္ဍများမှ စေတနာ သဒ္ဓါတရား ထက်သန် စွာဖြင့် ဝိုင်းဝန်းကူူညီ ဆောင်ရွက်ခဲ့ကြပါသည်။ ထိုတဦးချင်းစီ၏ ကူညီပံ့ပိုးမှုများမပါပဲ ဤ တရားစခန်း အား အောင်မြင်စွာ ကျင်းပပြီးစီး နိုင်လိမ့်မည်မဟုတ်ကြောင်း အသိအမှတ်ပြု ပြောကြား လိုပါသည်။

မြစိမ်းတောင်တရားစခန်းဖြစ်မြောက်ရေးအဖွဲ့(စင်္ကာပူ)
 

               
   (Share this page on Facebook
)

 

ဆက်စပ် လင့်ခ် .
၂၀၁၂ခုနှစ် မြစိမ်းတောင်ဆရာတော် တရားစခန်း (စင်္ကာပူ)  ဓါတ်ပုံများ Click here
၂၀၁၂ တရားစခန်း နှင့်ပတ်သတ်သော သဇင်မဂ္ဂဇင်းနှင့် အင်တာဗျူး (Click here to read)